ငယ်သူငယ်ချင်း
သူငယ်ချင်း....
မင်းဒီစာကိုဖတ်နေတဲ့အချိန်မှာ ငါနားမှာမင်းမရှိသလို
မင်းနားမှာလည်းငါရှိချင်မရှိတော့မယ်....
ဒါပေမယ့် မင်းဘေးမှာငါရှိနေတယ်ဆိုရင်တော့ ငါ့ပုခုံးကိုဖက်ထားလိုက်ပါ ငါတို့ရဲ့မတည်မြဲတဲ့ဆုံတွေ့မှုအထိမ်းအမှတ်အနေနဲ့ပေါ့
မင်းသိလား........
ဟိုနေ့ကငါတို့တွေဆောက်ခဲ့တဲ့အိမ်လေးဆီရောက်ခဲ့သေးတယ်.
ဒါပေမဲ့ကွာ ငါတို့ရဲ့အိမ်အစား တစ်ခြားအိမ်အစစ်တစ်လုံးကနေရာယူထားတယ်ကွာ..
တစ်ခုတော့ကျန်သေးတယ်...
ငါတို့ရဲ့ပိုက်ဆံပင်ကြီးက ပိုက်ဆံရွက်တွေအများကြီးရှိနေပြီကွ
ငါတို့ရဲ့ပိုက်ဆံပင်ကြီးမှာ ငါတို့သိပ်ကြိုက်တဲ့ဩဇာသီးတွေရောအများကြီးပဲ
ငါတို့ရဲ့ပိုက်ဆံအတုတွေနဲ့ငါ့တို့ကသူဋ္ဌေးအတုတွေဖြစ်ခဲ့ကြဖူးတယ်လေ
ဒါပေမဲ့ အဲ့ဒီအတုတွေကပေးတာကတော့ ပျော်ရွှင်မှုအစစ်တွေပေါ့..
ခုတော့ငါတို့တွေက အရင်ကနဲ့မတူတော့ဘဲ...
ပိုက်ဆံအစစ်ကိုရှာဖွေရင်း တကယ်သူဋ္ဌေးကြီးဖြစ်ဖို့ကြိုးစားနေကြတယ်
အဲ့ဒီအစစ်တွေကြားထဲမှာ ပျော်ရွှင်မှုအစ်တွေအစား ပျော်ရွှင်မှုအတုတွေနေရာယူလာခဲ့တာ ငါတို့တွေသတိမထားမိခဲ့ကြဘူး.....
ငါတို့တွေရဲ့ အမှတ်တမဲ့တွေ့ဆုံမှုတိုင်းမှာ အမှတ်တရတွေကထင်ကျန်ဆဲပေါ့
ငါနားလည်ပါတယ်
ခုချိန်ငါတို့တွေလမ်းမှာတွေ့ရင် ပါးစပ်လေးနဲ့ပြုံးပြနှုတ်ဆတ်ရုံပဲပေါ့
အရင်တုန်းကလိုပုခုံးချင်းဖက်ပြီး သွားချင်ရာသွားလို့မ မရတော့တာ
မင်းလည်းမအား ငါလည်းမအား...
သဘာဝတရားကြီးရဲ့စေရာပေါ့ကွာ....
Naung