...

15 views

"He request me to find muderer''
Part1
ကျွန်မသည် မှုခင်းပေါင်းများစွာကို ကြုံခဲ့ဖူးလေပြီဖြစ်သည်၊၊လူသတ်အမှူပေါင်းစုံနှင့် စုံစမ်းစစ်ဆေးရေးထဲအလုပ်ထဲတွင် မှူခင်းဆရာဝန်မ တစ်ယောက်အဖြစ် ကျွန်မ ဝင်အလုပ်လုပ်ခဲ့သည်မှာ သုံးနှစ်လောက်ကြာခဲ့လေပြီဖြစ်သည်၊၊ကျွန်မကိုရန်ကုန်တွင် မွေးခဲ့သည်၊၊ကျွန်မ သည် တစ်ဦးတည်းသောသမီးဖြစ်၍နာမည်သည် နှင်းစန္ဒာလဲ့ ဖြစ်သည်၊၊ ကျွန်မကို ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်၊၊မေမေသည် လဲရန်ကုန်သူ ဖြစ်၍ ဘဏ်တွင် ဝင်၍အလုပ်လုပ်ကိုင်သည်၊၊ဖေဖေသည် မ ကေွးသား ဖြစ်၍ သဘော်ကပ္ပတိန် ဖြစ်လေသည်၊၊ကျွန်မသည် ကျောင်းတက်ရသည့်အချိန်တွင်လဲ ရန်ကုန်မှာ တက်ခဲ့သည်၊၊ကျွန်မ အထက်တန်းကို ဂုဏ်ထူးအားလုံးနှင့်အောင်မြင်ခဲ့၍ အလွန်တင်ချင်ခဲ့သည့် မှုခင်းဆရာဝန်ဆိုင်ရာ
တက္ကသိုလ်သို့ ရခဲ့လေသည်၊၊ထို့​နောက်ကျွန်မ တက္ကသိုလ်​နောက်ဆုံးနှစ်သို့ရောက်သောအခါ ကျွန်မ အလောင်းများကို စတင်၍ကိုင်တွယ်ရလေသည်၊၊အခန်းထဲသို့ဝင်စဥ်.......၊၊
"အမယ်လေး ဘယ်လိုဖြစ်ပြီးဒီနေ့မှ အဲကွန်းက တော်တော်အေးနေပါလိမ့်?အမယ်လေး ငါကိုင်ရမယ့်အလောင်းကလဲလေ ပုပ်ပွနေပါ့လား အလောင်းကို ရေထဲကို မျောထားတယ်နဲ့တူတယ် ပုပ်ပွနေပုံရရင် အမယ်လေးလေး ဝေါ့''
ကျွန်မ၏ဘေးတွင် အသက်မရှိသည့်ခန္ဓာကိုယ်ကြီးတင်ထားသည့်ကုတင်ကြီးနှင့် အလွန်အေးနေသော အဲကွန်း ကြက်သီးတွေတဖြန်းဖြန်းထလာခဲ့သည်၊၊
"တော်စမ်း စန္ဒာ ဒီမှာ ဒါကိုဘာမှကြောက်စရာမလိုဘူး သူကသေနေပြီးသား အိုကေလား?မကြောက်နဲ့''
ကျွန်မ ကိုယ်ကျွန်မပြန် နှိမ့်သိမ့်လိုက်၍ ကုတင်ဘေးနားရှိ ခွဲစိတ်ပန်းကန်ထဲရှိ ဓားချွန်ကို မ လိုက်၍ အလောင်း၏ ရင်ဘတ်အလည်တည့်တည့်သို့ ထောက်လိုက်၍ ခွဲလိုက်သည်၊၊ကြောက်လန့်နေသော်ငြား နောက်ဆုံး စာ​ မေးပွဲfinalကိုဖြေနေရသည်၊ထို့ကြောင့် ကျွန်မ ဤအခန်းထဲလဲသွားခဲ့ရင် ကျွန်မ ကိုကူညီမည့်လူဘယ်သူမှ မရှိ ကျွန်မတစ်ယောက်တည်းသာ ဖြစ်လိမ့်မည်၊ထို့ကြောင့်ပင် ကျွန်မ မနည်းအားခဲပြီး တံတွေးကို မျိုချပြီး ကျွန်မ အလောင်းကို စစ်ဆေးနေလိုက်သည်၊၊
part2 is coming soon.
hi everyone i'm new writter and i'm from myanmar.My every stroy was wrote myanmar version by myself.I'm trying to my best you gys satisfied.Thank you so much.
Writting by
May Myat
(or)
Ella Wee