...

12 views

Hi i'm coming back!He request me to find muderer(part2)
နှစ်ဝက်အကြာ ကျွန်မ final examအောင်သွားပြီးနောက် ကျွန်မ့ကို ဆေးရုံတစ်ရုံက အလောင်းစစ် ဆရာဝန်မ တစ်ယောက်အနေနဲ့အလုပ်ခေါ်ခဲ့သည်၊၊ကျွန်မ ဆေးရုံတွင် တစ်နှစ်အလုပ်လုပ်ပြီးနောက် လူနာ အလောင်း တစ်လောင်းပြီးတစ်လောင်း စစ်ဆေးရသည်မှာ ကျွန်မအတွက်ဖို့ တစ်နေ့လုံး ပင်ပန်းနွမ်းနယ် လှပေသည်၊၊ထိုအလောင်းများကို နေ့စဥ်တွေ့နေရသော်ကြောင့်များ မကြောက်တော့ချေ၊သူတို့လေးတွေကိုသာ ပို၍ သနားလာခဲ့သည်၊၊ထိုလိုနှင့် ကျွန်မ့လုပ်သက် သုံးနှစ်အကြာတွင်........၊၊
"ဒေါက်တာ စန္ဒာ....''
"သြော် နီနီပါ့လား?''
"ဟုတ်ကဲ့ ဒေါက်တာ ပြောရမှာတော့အားနာပါတယ် ဒါပေမယ့်လေ ဟိုဟာ....''
"သြော်ဘာလဲ နောက်ထပ်ကြည့်ပေးရဦးမှာလား?''
"ဟုတ်ကဲ့ဒေါက်တာ ဒီတစ်လောင်းပါပဲ ပြီးရင် ဒေါက်တာနားလို့ရပါပြီရှင့်''
"အေးအေး တို့လာခဲ့မယ် မင်းအရင်သွားနှင့်''
"ဟုတ်ကဲ့ ဒါဆို သွားနှင့်မယ်''
"အမယ်လေး ခုမှ နားတုန်းရှိသေးတယ် အလုပ်က ပေါ်လာပြန်ပြီ မတတ်နိုင်ဘူး သွားစစ်ပေးရမှာပဲ''
ကျွန်မ၏ ​ဂျူတီကုတ်ကို ပြန်ဝတ်လိုက်၍ခွဲစိတ်ခန်းသို့ အဝင်...၊၊
"နေပါဦး ဒေါက်တာ''
ကောင်လေးတစ်ယောက်၏ အသံတစ်သံကို ကျွန်မ ကြားလိုက်မိသည်၊၊ထို့နောက် ကျွန်မ နောက်လှည့်လိုက်မိရာ ကျွန်မထက်ငယ်သေးသည့် ပုံစံပေါက်နေပြီး အသားလေးများဖြူဖွေးစွတ်နေသည်၊သူ့ကြည့်နေပုံသည် သွေးမရှိသည့် dracularပုံစံမျိုးပေါက်နေသည်၊၊ကျွန်မ့စိတ်ထဲတွင် ကြက်သီးတဖြန်းဖြန်း ထနေသည်၊သို့ပေသော်ငြား ကျွန်မသူ့ကို တွေ့လိုက်ခဲ့ကပင် သူ့ကို သနားသွားပြန်သည်၊၊
"ဒေါက်တာ စန္ဒာ!''
"ဟော်တော် သူကဘယ်လို ငါ့နာမည်သိနေရတာလဲ?''
"မလန့်သွားပါနဲ့နော် ကျွန်တော် အခုလာတာ အခန်းထဲ ခွဲစိတ်ခန်းထဲကို ဝင်လိုက်တာနဲ့ မလန့်ဖို့ လာပြောတာပါ''
"အေးပါ ကျေးဇူးပါပဲ ပြောပေးတယ့်အတွက် ဒါနဲ့ မင်းက ဘယ်သူလဲ?''
"သြော် မကြာခင် သိလာပါလိမ့်မယ်''
"ဒေါက်တာ!''
Nurseနီနီမလေး အော်ခေါ်သံကို ကြားမိသွား၍ သူမကို လှည့်ကြည့်လိုက်သည်၊၊
"ဒေါက်တာ ဒီမှာ တစ်ယောက်တည်း ဘာတွေဘယ်သူနဲ့ စကားတွေပြောနေတာလဲ?''
"သြော် နီနီ ဟိုဟာလေ ဒီကောင်လေး''
ကျွန်မ သူမဘက်သို့လှည့်နေသည့်ခေါင်းကို ဟိုဘက်ကို ပြန်လှည့်လိုက်ရာ ကျွန်မ၏နောက်တွင် ဘယ်သူမှမရှိပေ၊ကျွန်မနှင့် Nurseနီနီ သာရှိပေသည်၊၊
"နေဦး ခုနကလေ ဒီနားမှာ ကောင်လေးတစ်ယောက် ရှိတယ် ဘယ်ရောက်သွားလဲ မသိဘူး နီနီ ရဲ့''
"ဟာ ပေါက်ကရတွေ ဒေါက်တာကလဲ ဒီ corridorမှာ ဘယ်ဧည့်သည် မှမရှိဘူး ဒေါက်တာရဲ့''
ကျွန်မ လန့်သွား၍ မျက်လုံးများပြူးသွားသည်၊စိတ်ထဲတွင် "ဒါမဖြစ်နိုင်ဘူး''လို့သာတွေးနေမိသည်၊၊
"ဒေါက်တာ!ဘာတွေတွေးနေတာလဲ ဝင်ရအောင်လေ?''
"သြော် okay''
ထို့​နောက် ကျွန်မက အရင် ခွဲစိတ်ခန်းထဲသို့ဝင်လိုက် ပြီးလူသေအလောင်းကို တင်ထားသည့်ကုတင်နားသို့ ကျွန်မ သွားလိုက်ပြီး အုပ်ထားသည့် အဝတ်ပါးစ လေးကို ကျွန်မ လှန်ချလိုက်ရာ......မမျှော်လင့်သော surprise shork ကို တွေ့လိုက်ရသည်၊ထိုအလောင်းအား ဘယ်သူမှမဟုတ်ပဲ ခုနက corridorတွင် တွေ့ခဲ့ရသော ကောင်လေးဖြစ်နေသည်၊၊ကျွန်မစိတ်ထဲတွင် ပို၍တောင်သနားသွားပြန်သည်၊၊
"မင်းငါ့ဆီကနေ ဘာလိုချင်လို့ ငါ့ကို အယောင်ပြရတာလဲ?မင်းBody resultကို ငါရအောင်စုံစမ်းပေးပါ့မယ် စိတ်ချပါ''
part(3)coming soon
written by
May Myat
(or)
Ella Wee
© All Rights Reserved